International News

ဂျပန်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်အကောင်အထည်ဖော် နိုင်ရေးရှေ့ရှုဆောင်ရွက်သွားမည်ဟု ဘဏ္ဍာရေးဝန်ကြီးပြောကြား

Last Updated:

ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီး  တာရိုအာဆိုက နိုင်ငံ၏ ရေရှည်ဖွံံဖြိုးတိုးတက်မှုကို အားပေး မြှင့်တင်ရန် ပုဂ္ဂလိကကဏ္ဍထုတ်လုပ်မှုကိုမြှင့်တင်ခြင်းဖြင့် ကမ္ဘာ့ တတိယအင်အားအကြီးဆုံးစီးပွားရေးကို အရှိန်အဟုန်မြှင့်တင်ခြင်းဖြင့် ဆောင်ရွက်သွားမည်ဟု တနင်္လာနေ့ (၂၀-၁-၂၀၂၀) ရက်နေ့တွင် အခိုင်အမာပြောကြား လိုက်ပါသည်။

၂၀၂၀ ပြည့်နှစ်၏ လွှတ်တော်ပထမနေ့အစည်းအဝေးတွင် မစ္စတာအာဆိုက ကျန်းမာရေးကဏ္ဍတွင် ဘဏ္ဍာရေးခိုင်မာမှု၏ အရေးပါမှုသည် အစိုးရအနေဖြင့် မျိုးဆက်များ အားလုံးအတွက် လူမှုဖူလုံရေးနည်းစနစ်ကို တည်ဆောက်အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်ဟု ထည့်သွင်း ပြောကြားခဲ့ပါသည်။

ထို့အပြင် ၂၀၂၅ ခုနှစ်အရောက်တွင် အခြေခံဟန်ချက်ညီမျှှမှုအသာစီးရရှိရန်နှင့် အင်အားကြီး နိုင်ငံများအကြား အဆိုးရွားဆုံးဖြစ်နေသည့် ဂျပန်အစိုးရ၏ debt-to-gross domestic product ratio ကို မြှင့််တင်ရန်  သံဓိဌာန်ပြုထားပါသည်။

ပြီးခဲ့သည့်လက ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အတည်ပြုခဲ့သည့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးမှုများကို ကိုးကားပြီး အဆိုပါပံ့ပိုးမှုများသည် နိုင်ငံရေရှည် တည်တံ့ဖွံ့ဖြိုးမှုနှင့် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးတိုးတက်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်ဖြစ်ပြီး ဂျပန်နိုင်ငံ၏ ထုတ်လုပ်မှုနှင့် စီးပွားရေးအင်အားကို တောင့်တင်း ခိုင်မာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုဆိုပါသည်။

ထိုသို့ ပံ့ပိုးမှုများအနက် ယန်း ၁၃ ထရီလီယံ မှာ သဘာဝဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ခြင်းများအတွက် အသုံးပြုရန်နှင့် စီးပွားရေးကျဆင်းမှုဖြစ်စေနိုင်သည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် လျာထားခြင်းဖြစ်သည်ဟု ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် က ဖြစ်ပေါ်ခဲ့သည့်  တိုင်ဖွန်း မုန်းတိုင်များနှင့် မိုးကြီးမှုများ ဖြစ်ထွန်းခဲ့မှုကို ကိုးကားပြီး  အာဆိုက ပြောကြားခဲ့ပါသည်။

လူမှုဖူလုံရေးအတွက် တိုးချဲ့ဆောင်ရွက်ရန် ရည်ရွယ်ပြီး အခွန်နှုန်း ၁၀ % သို့ တိုးမြှင့်လိုက် သည့်အတွက် ၂၀၁၂ ခုနှစ်က ကောက်ခံသည့် ၅ % ထက် နှစ်ဆပိုကာ အခွန်မြှင့်တင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ အလုပ်အကိုင်ကဏ္ဍ၊ ဝင်ငွေနှင့် စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေရရှိမှုများ မြင့်တက်လာခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးသည် ပြည်တွင်းလိုအပ်ချက်များ မြင့်တက်မှုများကြောင့် အတန်အသင့် နလန်ထူလာခဲ့ခြင်းဖြစ်ပါသည်။

သို့သော်လည်း အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်ရေးပိုင်း တင်းမာမှု၏ အကျိုးဆက်များကဲ့သို့သော အမျိုးမျိုးသော မသေချာမရေရာမှုများ ရှိနေသေး သည်ဟုဆိုပါသည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် ၂၀၂၀ ဘဏ္ဍာရေးနှစ်၏ နိုင်ငံတော်ဘတ်ဂျက်နှင့် မတ်လကုန်တွင် ပြီးဆုံးမည့် ၂၀၁၉ ခုနှစ် အတွက် အပိုဖြည့်ဆောင်း ဘတ်ဂျက်တို့ကို  မြန်မြန်ဆန်ဆန်ပြင် ဆင်ကြရန် သူ၏ လုပ်ဖော်ကိုင်ဖက် ဥပဒေပညာရှင်များကို တောင်းဆိုလိုက်ပါသည်။

အခြားသီးခြား အစည်းအဝေးတွင် စီးပွားရေးနှင့် ဘဏ္ဍာရေးမူဝါဒ ဝန်ကြီး Mr. Yasutoshi Nishimura က ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံတော်၏ မဟာဗျူဟာတစ်ရပ်အဖြစ် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။  Mr.Nishimura က 5G ဆက် သွယ်ရေးနည်းပညာအလွန် နည်းပညာသစ်များ ထပ်မံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လက်ရှိ ဆောင်ရွက်နေသည့် ဆက်သွယ်ရေး နည်းစနစ်များကို ပိုမိုတီထွင်ဆန်းသစ်မှုများ ဆောင်ရွက် ပြီး “investment for the future” ရည်မှန်းချက်ဖြင့် quantum technology များ ပိုမို တိုးတက် လာစေရေး ကြိုးပမ်းကြရန်ကိုလည်း တိုက်တွန်း ပြောဆိုလိုက်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

ရင်းမြစ်။ The Japan Times၊ Japan Today၊ The Asahi Shimbun

 

Category: International News